Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးကောင်းမြို့နယ်ကုန်းတန်းကြီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ဒုတိယအကြိမ်ထုတ်ချေး(၂၉.၁၀.၂၀၂၃)ရက်နေ့ထုတ် မြို့တော်သတင်းစာ နှင့် (၃၀.၁၀.၂၀၂၃)ရက်နေ့ထုတ်မြို့တော်သတင်းစာ

30 October 23

မိုးကောင်းမြို့နယ်ကုန်းတန်းကြီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ဒုတိယအကြိမ်ထုတ်ချေး(၂၉.၁၀.၂၀၂၃)ရက်နေ့ထုတ် မြို့တော်သတင်းစာ နှင့် (၃၀.၁၀.၂၀၂၃)ရက်နေ့ထုတ်မြို့တော်သတင်းစာ

မိုးညှင်း၊ အောက်တိုဘာ ၂၈

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနကကုန်းတန်းကြီးကျေးရွာ၌ဒုတိယအ ကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)ရန်ပုံငွေထုတ်ချေးခြင်းကို အောက်တိုဘာ ၂၈ ရက် နေ့ နံနက် ပိုင်းအချိန်က အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်မေဝင်းက ကျေးရွာရှိ ရပ်မိရပ်ဖများ၊မြစိမ်းရောင်ကျေးရွာစီမံကိန်း အသင်းသား/ အသင်း သူများ၊မြစိမ်းရောင်ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံပြီး မြစိမ်းရောင် ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ ၊ အကျိုးကျေးဇူး များ ကိုရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာကော်မတီဝင်များနှင့်အတူ နေကြာနှင့်အခြား ဆီထွက်သီးနှံများစိုက်ပျိုးမည့် အသင်းသား/အသင်းသူ(၂၆)ဦးထံ စီမံကိန်းရန်ပုံငွေ ကျပ်  ၁၀ ဒသမ ၁၅ သန်း ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

(၂၉.၁၀.၂၀၂၃)ရက်နေ့ထုတ်မြို့တော်သတင်း စာမျက်နှာ(၅) ကော်လံ(၃/၄)တွင် လည်းကောင်း၊ (၃၀.၁၀.၂၀၂၃)ရက်နေ့ထုတ်မြို့တော်သတင်း စာမျက်နှာ(၈) ကော်လံ(၃/၄)တွင် လည်းကောင်း ပါရှိ သည်။