Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စဉ့်ကိုင်မြို့နယ် ဧည့်ပြကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

02 November 23

စဉ့်ကိုင်မြို့နယ် ဧည့်ပြကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

စဉ့်ကိုင်  နိုဝင်ဘာ ၂

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဧည့်ပြကျေးရွာအုပ်စု၊ ဧည့်ပြကျေးရွာတွင် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်း အချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စဉ့်ကိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မီမီအောင်နှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း       (VDP)ရန်ပုံငွေနှင့် ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်လျက်ရှိသည့် မီးသွေးဘုတ် ကျေးရွာအုပ်စု၊ ကျွဲနဖားကျေးရွာတွင် လမ်းအရှည်ပေ (၉၇၀' x ၁၂' x ၆'') ဖြင့် ခင်းကျင်း ဆောင်ရွက်နေမှုမှာ (၁၀၀% ) ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။