Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ "အဆင့်မြှင့်ကွန်ပျူတာသင်တန်း" ဆင်းပွဲအခမ်းအနားကျင်းပခြင်း

31 October 23

 

စစ်ကိုင်း အောက်တိုဘာလ ၁၈ 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးပြီး စစ်ကိုင်းတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ "အဆင့်မြှင့်ကွန်ပျူတာသင်တန်း"ဆင်းပွဲကို အောက်တိုဘာလ(၁၈)ရက်နေ့ ညနေ(၃း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (ကိုဗစ်-၁၉)စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီးကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူး၊ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သည့် ၎င်းအဆင့်မြှင့်ကွန်ပျူတာသင်တန်းမှ Photoshop၊ Powerpoint၊ Microsoft Excel၊ Microsoft Word ဘာသာရပ်တို့ကို လက်တွေ့နည်းစနစ်တကျသင်ကြားပေးခြင်းအားဖြင့် ဝန်ထမ်းများနားလည်သဘောပေါက်တတ်ကျွမ်းလာနိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာမိမိတို့၏လုပ်ငန်းခွင်တွင် များစွာ အထာက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ သင်တန်းသို့ စစ်ကိုင်းတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးမှဦးဆောင်၍ သင်တန်းနည်းပြဆရာမမှ သက်ဆိုင်ရာတိုင်း/ခရိုင် /မြို့နယ်တို့မှ သင်တန်းသူ၊သင်တန်းသားဝန်ထမ်း(၁၀)တို့အား သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်း၊ သင်တန်းသူ/သားများအစား သင်တန်းသားတစ်ဦးမှ သင်တန်းတက်ရောက်ရခြင်း၏ အကျိုးကျေးဇူးများကို ပြောကြားခဲ့ကြောင်းနှင့် အဆိုပါသင်တန်းအား  (၉.၁၀.၂၀၂၃)ရက်နေ့မှ (၁၈.၁၀.၂၀၂၃)ရက်နေ့အထိ (၁၀)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်း သိရှိရပါသည်။

ကိုမြတ်