သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သံတွဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရွှေလှေခေတ်မီစံပြကျေးရွာတွင် ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်သော ဆိုလာရေတင်စနစ် ဆောင်ရွက်ခြင်းနှင့် ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်း၊ ဂါလံ(၂၄၀၀)ဆံ့ရေစင်တည်ဆောက်ခြင်းလုပ် ငန်း၊ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နေမှုအား (၂၇.၁၀.၂၀၂၃)ရက်နေ့၌ သံတွဲခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဦးအောင်သိန်းထွန်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးထွန်းသန်းဇော်၊ မြို့နယ်စီမံကိန်းတာဝန်ခံတို့သည် ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း၊ ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံ၍ မိမိတို့ကျေးရွာ၌ ယခုကဲ့သို့ ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းအရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးရေးအတွက် ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူ/သားများအနေဖြင့် ပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။