ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်တွင် သပြေကုန်းကျေးရွာ၌ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို အောက်တိုဘာလ ၂၃ရက်၊နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိ ရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)ဦးကျော်သူကိုကို ၊သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မော်နှင့်တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်း များက သပြေကုန်းကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့်ဆက်စပ်လုပ်ငန်းများ ဆောင် ရွက်ပြီးစီးမှုကို ကြည့်ရှု့စစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)ဦးကျော်သူကိုကိုက ဆောင် ရွက်ပြီးလုပ်ငန်းများကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားပါသည်။
အဆိုပါ သပြေကုန်းကျေးရွာတွင် အကျယ် လေးလက်မ၊အနက် ပေ၆၀၀ရှိ စက်ရေတွင်းတူး ဖော်ခြင်း၊အမြင့်ပေ ၂၀ရှိ ဂါလန် ၂၄၀၀ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ရေစက်ရုံတည်ဆောက် ခြင်းလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရခွင့်ပြုရန်ပုံငွေကျပ် ၃၃ဒသမ ၇၄၅သန်းဖြင့် ဘရူနိုးမားစ်ကုမ္ပဏီက စက်တင်ဘာလပထမအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၇၀ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့်ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ၇၂၆အိမ်၊လူဦးရေ ၂၅၆၀နှင့်ကျွဲ၊နွား၊တိရစ္ဆာန်များအတွက် သောက်သုံးရေအခက် အခဲများ အဆင်ပြေသွားမည်ဖြစ်ကြောင်း သိရသည်။