ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာနေ ပြည်သူများအလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ မြစိမ်းရောင် ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စီမံကိန်းအတိုးရငွေဖြင့်ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြစိမ်းရောင်ကျေးရွာဖြစ်သော ဆင်မင်းအိုင်ကျေးရွာ၌ ကျေးရွာတွင်း(၅၇၅ပေ×၈ဒသမ၅ပေ× ၆လက်မ)ကွန်ကရစ်လမ်းခင်းခြင်း အတိုးရငွေကျပ်သိန်း(၁၂၀)ဖြင့် တည်ဆောက်ပြီးစီးနေမှုကိုလည်း ကောင်း၊ ကျုံကန်ကျေးရွာ ရွာတွင်းကျောင်းလမ်း(၁၂၄၅ပေ×၆ပေ×၆လက်မ) အတိုးရငွေ(၁၃၇) သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ်သိန်း(၅၀)၊စုစုပေါင်း(၁၈၇)သိန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်နေ မှုကို လည်းကောင်းအောက်တိုဘာ(၂၄)ရက်မွန်းတည့်၁၂နာရီက ခရမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်ထားထားနိုင်နှင့်အဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်၊၊
မြို့နယ်ဦးစီးမှူးက ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် လမ်းကော်မတီဝင်များ၊ ဒေသခံပြည်သူ များကဝိုင်းဝန်းကူညီထိန်းသိမ်းစောင့်ရှောက်ကြရန်၊ လမ်းကိုအကျိုးရှိစွာအသုံးပြုရန်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းခင်းခြင်းအား မြို့နယ်ကျေးလက်ဦးစီးဌာနက နည်းပညာပံ့ပိုးပြီး အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးကြောင်းသိရသည်။