Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးညှင်းမြို့နယ် ဇီကုန်းကျေးရွာ၌ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းရာနှုန်းပြည့် ပြီးစီးနေမှုအခြေအနေအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး (၂၅.၁၀.၂၀၂၃ ရက်နေ့ မြဝတီရုပ်သံသတင်း)

25 October 23

မိုးညှင်းမြို့နယ် ဇီကုန်းကျေးရွာ၌ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းရာနှုန်းပြည့် ပြီးစီးနေမှုအခြေအနေအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး (၂၅.၁၀.၂၀၂၃ ရက်နေ့ မြဝတီရုပ်သံသတင်း)  

မိုးညှင်း အောက်တိုဘာ ၂၄

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောဇီးကုန်းကျေးရွာတွင် ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေမှုအခြေအနေများကို အောက်တိုဘာ ၂၄ ရက်နံနက်(၁၀) နာရီအချိန်က တာဝန်ရှိသူများမှသွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း မိုးညှင်းမြို့နယ်ဦးစီးမှူးဦးဌေးမြင့် နှင့် တာဝန်ရှိသူများကကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် များ၊မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များ နှင့်တေွ့ဆုံကာ ယခုဘဏ္ဍာရေးနှစ်မြစိမ်းရောင် ကျေးရွာ စီမံကိန်းအတိုးရငွေ ၅၀% နှုန်းဖြင့်ငွေကျပ် ၂၀၉ သိန်းနှင့် ပြည်သူလူထုထည့်ဝင်ငွေကျပ် ၁၅၁ သိန်း စုစုပေါင်းငွေကျပ်သိန်း ၃၆၀ ဖြင့် ဆောင်ရွက်သည့် လမ်းအရှည်ပေ ၁၅၀၀၊ အကျယ် ၁၂ ပေ နှင့် ထု ၆ လက်မရှိ ကွန်ကရစ်လမ်းကို ဇူလိုင် ပထမပတ်မှစတင်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင် များမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြရာ ယခုအခါတွင်ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်းသိရ သည်။

အဆိုပါကွန်ကရစ်ခင်းခြင်းလုပ်ငန်းတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့် ရွာသူရွာသား များမှ ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြပြီး ၎င်းလမ်းအားကျေးရွာနေအိမ်ခြေ (၁၁၉)အိမ်၊လူဦးရေ (၇၁၂) ဦး တို့အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး ရာသီမရွေး သွားလာနိုင်သည့်အပြင် လူမှု့စီးပွားဘဝ များပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

(၂၅.၁၀.၂၀၂၃)ရက်နေ့ မြဝတီရုပ်သံ နံနက်(၉)နာရီ သတင်းတွင်ပါရှိသည်။