Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးမောက်မြို့နယ်၊ဝိန်းမွန်းကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်း

26 October 23

မိုးမောက်မြို့နယ်၊ဝိန်းမွန်းကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်း

=================================================================================

ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊မိုးမောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေါ့ဖုန်းယန်းမြို့နယ်ခွဲ၊ ဖာကေကျေးရွာအုပ်စု၊ ဝိန်းမွန်ကျေးရွာတွင် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ဖွဲ့စည်းခြင်းအား (၂၅.၁၀.၂၀၂၃)ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

မိုးမောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းတင့်က မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းတာဝန်ခံ ဝန်ထမ်းမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းများ၊ လုပ်ငန်းအဖွဲ့ဝင်တို့၏ တာဝန်ဝတ္တရားများအား ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင် (၇)ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းခဲ့ပါသည်။

မိုးမောက်မြို့နယ်၊ ဝိန်းမွန်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို မတည်ရန်ပုံငွေကျပ် သိန်း ၃၀၀ ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ အသင်းသား/သူများကို ပထမအကြိမ် ထုတ်ချေးပေးသွားမည်ဖြစ်ပါသည်။