ရုရှားဖက်ဒရေးရှင်းနိုင်ငံနည်းပညာဖြင့် မြန်မာနိုင်ငံတွင် သဘာဝဓါတ်မြေဩဇာစက်ရုံ များတည်ဆောက်ရေးစီမံကိန်းနှင့် စပ်လျဉ်း၍ အမှတ်(၃)Mobile စက်ရုံများအတွက် Logistics Terminal များအား ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင်တည်ဆောက်နိုင်ရေး လျာထားမြေနေရာများသို့ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr.Artemly Alimov ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က ၂၀.၁၀.၂၀၂၃ ရက်နေ့ကကွင်းဆင်းလေ့လာခဲ့ရာ ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဦးမျိုးအောင်နှင့် အဖွဲ့က ပြည်မွေးမြူရေးဇုန်(မြောက်နဝင်း)တွင်ရေတွင်းတူးဖော်ရန်အတွက် မြေအောက်ရေတိုင်းတာခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း၊ ဓါတ်မြေဩဇာစက်ရုံတည်ဆောက်ရေးနှင့်ပတ်သက်၍ ခရိုင်အတွင်းမွေးမြူထားသည့် တိရိစ္တာန်များအား မွေးမြူရေးဇုန်တွင်မွေးမြူထားရှိပါက ခရိုင်အတွင်းသဘာဝဓါတ်မြေဩဇာ ထုတ်လုပ်ခြင်းကို ကုန်ကျစရိတ်အနည်းငယ်ဖြင့်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဒေသအတွက်များစွာ အကျိုးရှိမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။