Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

“ကျောက်တော်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင် စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်း (Cash for Work) စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့်ကျေးရွာများအားရန်ပုံငွေလွှဲပြောင်း”

25 October 23

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကြီးကြပ်မှုဖြင့် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် တွင် အမျိုးသားသဘာဝဘေး ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်မည့် လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်း (Cash for work) ကျေးရွာများအား ရန်ပုံငွေလွှဲပြောင်းခြင်း အခမ်းအနားကို အောက်တိုဘာလ (၂၅) ရက်  နံနက်ပိုင်းက ကျေးလက်ဦးစီးဌာနရုံး၏ အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောက်တော်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ခိုင်ဇော်မှ  (Cash for work) စီမံကိန်းသည် မိုခါမုန်တိုင်းကြောင့် ထိခိုက်မှုဆုံးရှုံးမှုများစွာရှိခဲ့သောကြောင့် ထိခိုက်မှုများ လျော့ပါးသက်သာစေရေး ဆောင်ရွက် ပေးသည့် စီမံကိန်းဖြစ်ကြောင်းနှင့် လုပ်အားခပေးဖွံ့ဖြိုးရေး စီမံကိန်းဖြစ်သည့် အလျှောက် ကျေးရွာသူ/သားများအား ကျား/မ တန်းတူညီမျှစွာ လုပ်အားခများ ရရှိရန် ရည်ရွယ်၍ ဆောင်ရွက် သော  ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း (Cash for work) စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ (၁၀) ရွာ၏ကော်မတီဝင်များထံ မြို့နယ်ဦးစီးမှူးဦးအောင်ခိုင်ဇော်မှ အောက်တိုဘာလ (၂၅) ရက်  နံနက်ပိုင်းတွင် ရန်ပုံငွေလွှဲပြောင်းပေးအပ်ကြောင်းသတင်းရရှိပါသည်။