Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

“မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအား ကွင်းဆင်းဆောင်ရွက်ခြင်း”

25 October 23

မြောက်ဦးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ကျောက်တော် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် အကောင်အထည်​ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာများအနက် ချောင်းဖျားကျေးရွာ တွင် ကျေရွာတွင်းမြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းအား (၂၀-၉-၂၀၂၃) ရက်နေ့တွင်  ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့များမှ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

ထို့သို့ စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးမှ မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းများအတိုင်း အချိန်မီပြီးစီးနိုင်ရေး တွန်းအားပေးစီမံဆောင်ရွက်ကြရန်နှင့် ကျေးရွာစိတ်ဓါတ်၊ ကျေးရွာသူ/သားများမှ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ရှင်းလင်းလမ်းညွှန်ပြောကြား ခဲ့ပါသည်။