မိုးကောင်းမြို့နယ်တောင်နီကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ထုတ်ချေး
မိုးညှင်း၊ အောက်တိုဘာ ၂၃
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနကတောင်နီကျေးရွာ၌ဒုတိယအ ကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)ရန်ပုံငွေထုတ်ချေးခြင်းကို အောက်တိုဘာ ၂၃ ရက် နေ့ နံနက် ပိုင်းအချိန်က အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်မေဝင်းက ကျေးရွာရှိ ရပ်မိရပ်ဖများ၊မြစိမ်းရောင်ကျေးရွာစီမံကိန်း အသင်းသား/ အသင်း သူများ၊မြစိမ်းရောင်ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံပြီး မြစိမ်းရောင် ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ ၊ အကျိုးကျေးဇူး များ ကိုရှင်းလင်းပြောကြားသည်။
ဆက်လက်၍စီမံကိန်းတာဝန်ခံဝန်ထမ်းများက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ချေးငွေ ထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းချက် များကိုရှင်းလင်း ပြောကြားပြီး မြို့နယ်ဦးစီး မှူးနှင့် ဝန်ထမ်းများကမြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များထံ ရန်ပုံငေွကျပ် ၁၀ ဒသမ ၂၅ သန်း လွှဲပြောင်းပေးအပ်သည်။
ထို့နောက်မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များက တောင်နီကျေးရွာ၌ နေကြာနှင့် အခြား ဆီထွက်သီးနှံများစိုက်ပျိုးမည့် အသင်းသား/အသင်းသူ ၂၅ ဦးကို ရန်ပုံငေွကျပ် ၁၀ ဒသမ ၂၅ သန်းထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနကနေကြာအပါအဝင် အခြား ဆီထွက်သီးနှံ များစိုက်ပျိုးသည့်တောင်သူများလိုအပ်လျက်ရှိသည့် မျိုးစေ့၊သွင်းအားစု နှင့် စိုက် ပျိုးစရိတ်များ ဝယ်ယူသုံးစွဲနိုင်ရန် အတိုးနှုန်းသက်သာစွာချေးငွေများ ထုတ်ချေးပေးနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)လည်ပတ်ရန်ပုံငွေများကို ထုတ်ချေးပေးခြင်းဖြစ်ကြောင်း မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်မေဝင်းက ပြောပြ၍သိရသည်။
(၂၄.၁၀.၂၀၂၃)ရက်နေ့ထုတ် ရတနာပုံသတင်းစာ စာမျက်နှာ(၁၅) ကော်လ(၁/၂/၃/၄)တွင်ပါရှိ သည်။