သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အင်ဂျင်နီယာဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်မားစေရန် ရည်ရွယ်၍ RWS / MIS ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်း ကကျင်းပပြုလုပ်ကြောင်းသိရသည်။ ရှေးဦးစွာ မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဇော်ဇော်နောင်က အင်ဂျင်နီယာဝန်ထမ်းများအား စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရန် နင့် ကျေးရွာများ၏ လက်ရှိရေသုံးစွဲမှု အခြေအနေများကို Mobile Application အသုံးပြု၍ အချက်အလက်များကောက်ယူတက်စေရန် ရည်ရွယ်၍ RWS / MIS ဆင့်ပွားသင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း နှင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်ဦးစီးမှူး ဦးဇော်ဇော်နောင် က သင်တန်းသား သင်တန်းသူများကို သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။ အဆိုပါသင်တန်းကို မွန်ပြည်နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင် ၊ မြို့နယ်များမှ အင်ဂျင်နီယာဝန်ထမ်း ( ၁၁ )ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် RWS / MIS နှင့် ပတ်သက်သည့် သင်ခန်းစာများကို သင်တန်နည်းပြဆရာက စာတွေ့ လက်တွေ့ဖြင့် ၃ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။