Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရမ်းဗြဲမြို့နယ်၊ မြို့ချောင်းကျေးရွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)လုပ်ငန်းများ ဆောင်ရွက်မှု ကွင်းဆင်းဆောင်ရွက်ခြင်း

24 October 23

ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် တရောင်းကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်း ဆောင်ရွက်ခြင်းလုပ်ငန်း ၂(၉၀၀'x၂'-၆"x၀'-၆") ဆောင်ရွက်ပြီးစီး နေမှုအခြေအား ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံဝန်ထမ်း များက အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ ကွင်းဆင်းရာတွင် ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး  ကျေးရွာ ကော်မတီများနှင့်တွေ့ဆုံကာ ဆောင်ရွက်ပြီးသော ဖွံ့ဖြိုးရေးလုပ်ငန်း များကို ရေရှည်တည်တံ့အောင် ဆက်လက်ထိန်းသိမ်း၍ အကျိုးရှိစွာ အသုံးချကြပါရန် လမ်းညွှန်မှာ ကြား ခဲ့ကြောင်းသိရသည်။

ရမ်းဗြဲမြို့နယ်၊ တရောင်းကျေးရွာတွင် ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်း ဆောင်ရွက်ခြင်း ၂(၉၀၀'x၂'-၆"x၀'-၆") လုပ်ငန်းအတွက်  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေ (၁၅.၀၀) ကျပ်သန်းနှင့် ပြည်သူထည့်ဝင်ငွေ (၀.၇) ကျပ်သန်းဖြင့်  ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာဝန်ထမ်းများက နည်းပညာပံ့ပိုးကူညီကာ ကျေးရွာပြည်သူ လူထုကိုယ်တိုင် စက်တင်ဘာလ ၃ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း( ၁၀၀%)  ပြီးစီးပြီးဖြစ် ကြောင်း သိရှိ ရပါသည်။