Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အမ်းမြို့နယ်၊ ဂါယ်လောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) လုပ်ငန်းကွင်းဆင်း ဆောင်ရွက်ခြင်း

24 October 23

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်တွင် ဂါယ်လောင်းကျေးရွာအုပ်စု၊ ဂါယ်လောင်းကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) စီမံကိန်းရန်ပုံငွေဖြင့် ဆီထွက်သီးနှံဖြစ်သည့် နှမ်းစိုက်ပျိုးသူ တောင်သူ(၁၀)ဦး ချေးငွေကျပ်(၅၀)သိန်း စိုက်ပျိုးရေး ဆောင်းသီးနှံလုပ်ငန်း လုပ်ကိုင်သူ (၁၁)ဦး ကျပ်(၅၃)သိန်း စုစုပေါင်း တောင်သူ(၂၁)ဦး စီမံကိန်းချေးငွေ ကျပ်(၁၀၃)သိန်း ဖြင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား အမ်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဦးနိုင်လင်ထွန်းနှင့် ဦးအောင်သူမြင့်၊ ဒုတိယဦးစီးမှူး တို့က ယနေ့ နံနက်ပိုင်းတွင် သွားရောက်ကွင်းဆင်းစစ်ဆေးကြသည်။

          ဆီထွက်သီးနှံစိုက်ပျိုးခြင်းလုပ်ငန်းအတွက် အရင်းအတိုး ပေးဆပ်မည့်အခြေအနေအား သီးနှံရိတ်သိမ်းချိန် ရောင်းချချိန်တို့ကို အသင်းသားများနှင့် အသေးစိတ်ဆွေးနွေးပြီး လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်း ရရှိပါသည်။