Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးညှင်းမြို့နယ်အတွင်းစားသုံးဆီဖူလုံမှုရှိစေရေးဆီစက်လုပ်ငန်းရှင်များလုပ်ငန်းလည်ပတ်ထားခြင်းရှိမရှိ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှဒုတိယအကြိမ်ကွင်းဆင်းစစ်ဆေး ( (၂၁.၁၀.၂၀၂၃)ရက်နေ့ မြို့တော်သတင်းစာ)

21 October 23

မိုးညှင်းမြို့နယ်အတွင်းစားသုံးဆီဖူလုံမှုရှိစေရေးဆီစက်လုပ်ငန်းရှင်များလုပ်ငန်းလည်ပတ်ထားခြင်းရှိမရှိ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှဒုတိယအကြိမ်ကွင်းဆင်းစစ်ဆေး ( (၂၁.၁၀.၂၀၂၃)ရက်နေ့ မြို့တော်သတင်းစာ)

မိုးညှင်း၊ အောက်တိုဘာ ၁၉

ကချင်ပြည်နယ်မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ မြို့နယ်အတွင်းစားသုံးဆီ ဖူလုံမှုရှိစေရေးအတွက် ဖွံ့ဖြိုးရေးချေးငွေဖြင့် ရယူထားသည့် ဆီစက်လုပ်ငန်းရှင်များအမှန်တကယ် လုပ်ငန်းလည်ပတ်ထားခြင်းရှိမရှိ တာဝန်ရှိသူများမှ အောက်တိုဘာ ၁၉ ရက် နံနက်(၁၀)နာရီအချိန်က ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့်ဆက်စပ်ဌာနဆိုင်ရာများဖြစ်ကြသည့်စားသုံးသူရေးရာဦးစီးဌာန၊ သမဝါယမဦးစီး ဌာန၊အသေးစားစက်မှုလက်မှုဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ မိုးညှင်းမြို့ စိမ်းရတနာမွန် (တောင်ပိုင်း) ရပ်ကွက်တွင်ရှိသည့် မြတ်သုခဆီစက်လုပ်ငန်းအားစစ်ဆေးခဲ့ကြရာ ဆီစက်လုပ်ငန်းရှင် ဦးချစ်ငွေမှ ရာသီချိန် ကုန်လွန်သွားပြီဖြစ်၍ ယခင်ကကြိတ်ထားသည့် မြေပဲဆီများကို သိုလှောင်ထား ရှိပြီး ယခုအခါတွင်ရောင်းချနေသည့်အခြေအနေများ၊ဆီသိုလှောင်ထားရှိမှုအခြေအနေများနှင့် ဆီများ ဖြန့်ဝေရောင်းချမှုအခြေအနေများကိုရှင်းလင်းပြသခဲ့ရာ တာဝန်ရှိသူများက အဆိုပါလုပ်ငန်းပိုမိုတိုးချဲ့ အောင်မြင်နိုင်ရေးအတွက်ယခင်ကဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

 (၂၁.၁၀.၂၀၂၃)ရက်နေ့ မြို့တော်သတင်းစာ၊စာမျက်နှာ(၁၀)ကော်လံ(၁/၂)တွင်ပါရှိသည်။