Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးကောင်းမြို့နယ်မြို့ဟောင်းကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်နေမှုစစ်ဆေး (၅.၁၀.၂၀၂၃)ရက်နေ့ထုတ်ရတနာပုံသတင်းစာ

05 October 23

မိုးကောင်းမြို့နယ်မြို့ဟောင်းကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်နေမှုစစ်ဆေး (၅.၁၀.၂၀၂၃)ရက်နေ့ထုတ်ရတနာပုံသတင်းစာ  

မိုးကောင်း၊အောက်တိုဘာ ၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့ဟောင်းကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းVDP ရန်ပုံငွေနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေတို့ဖြင့်ဆောင်ရွက်သည့် ကျေးရွာဘက်စုံသုံး ခန်းမတည်ဆောက်နေမှုကို အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်း စစ်ဆေးခဲ့သည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်းတာဝန်ခံတို့နှင့်အတူ မြို့‌ဟောင်းကျေးရွာတွင် ကျေးရွာဘက်စုံသုံးခန်းမ တည် ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီဝင်များနှင့် တွေ့ဆုံကာ လုပ်ငန်းများသတ်မှတ်စံချိန်းစံညွှန်းပြည့်မီအောင် ဆောင်ရွက် ကြရန်ဆွေးနွေးမှာကြားသည်။

အဆိုပါမြို့ဟောင်းကျေးရွာတွင် အလျားပေ ၆၀၊ အနံပေ ၃၀၊အမြင့် ၁၂ပေရှိ ကျေးရွာဘက်စုံသုံး ခန်းမတည်ဆောက်ခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းVDP ရန်ပုံငွေ ကျပ် သိန်း ၁၅၀ နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ ၏ ၅၀ရာခိုင်နှုန်းမှ ငွေကျပ် သိန်း ၁၁၀ တို့ဖြင့် စက်တင်ဘာ တတိယပတ်မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၂၅ ရာခိုင်နှုန်း ပြီးစီး ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ပြီးပါက မြို့ဟောင်းကျေးရွာမှ ကျေးရွာပြည်သူများ ကျန်းမာရေး၊ ပညာရေး၊လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းသိရသည်။

 (၅.၁၀.၂၀၂၃)ရက်နေ့ရတနာပုံသတင်းစာ စာမျက်နှာ(၂၅)ကော်လံ(၁/၂/၃/၄)တွင်ပါရှိသည်။