သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများ၏ ဦးစားပေး စီမံချက်များအပေါ် အခြေခံ၍ နှစ်စဉ်ရန်ပုံငွေများ လျာထားပြီး စီမံချက်လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ရန်ပုံငွေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိသည့် ညောင်လေးပင်မြို့နယ် ဝါးရုံကုန်းကျေးရွာ၊ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း(၅၈၀’X၁၂’x၆”)နှင့် ရေသန့်စင်စက် တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား (၁၉.၁၀.၂၀၂၃)ရက်နေ့တွင် ခရိုင်ဦးစီးမှူး ဦးအောင်ကြီးနှင့် အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စင်စနစ်တပ်ဆင်ခြင်းလုပ်ငန်းအား နိုင်ငံတော်ထောက်ပံ့ငွေကျပ်(၁၅)သန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ်(၅.၉၄)သန်းဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျှက်ရှိပြီး လုပ်ငန်း(၁၀၀)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ(၁၇၃)၊ လူဦးရေ(၇၆၀)အား အကျိုးပြုမည်ဖြစ်ကြောင်းသိရသည်။