သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေးအစီအစဉ်အလိုက် စီမံချက်များရေးဆွဲဖော်ထုတ်နိုင်စေရန်၊ ကျေးရွာ၏ ဦးစားပေးစီမံချက်များအပေါ် အခြေခံ၍ နှစ်စဉ်ရန်ပုံငွေများ လျာထားပြီး စီမံချက်လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်၊ ကျေးရွာများမှ ထွက်ပေါ် လာသော စီမံချက်လုပ်ငန်းများအား မြို့နယ်အဆင့်ဦးစီးဌာန အသီးသီး၏ ဖွံ့ဖြိုးရေး အစီအစဉ်များနှင့်ချိတ်ဆက်နိုင်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် သနပ်ပင်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကမာဖရန်ကျေးရွာ အုပ်စု၊ ကမာဖရန်ကျေးရွာ (စာသင်ကျောင်းလမ်းဂဝံခင်းခြင်း) လုပ်ငန်းမှာ လမ်းအရှည် ၁၅၀၀ပေ၊ ၁၂ပေ၊ ၆လက်မဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်းစတင်ဆောင်ရွက်နေမှု အခြေအနေများအား မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံဝန်ထမ်းများမှ (၁၆.၁၀.၂၀၂၃)ရက်နေ့တွင် ကွင်းဆင်း စစ်ဆေးပြီး လုပ်ငန်းအချိန်ီပြီးစီးနိုင်ရေး ကော်မတီဝင်များနှင့်တွေဆုံဆွေးနွေးခဲ့ပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရပါသည်။