Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဟိုပန်မြို့နယ် မော်ဟွေ့+လျှံတိန်ကျေးရွာ၌ ရေသန့်စင်စက်တပ်ဆင်ပြီးစီးမှု စစ်ဆေး

20 October 23

ရှမ်းပြည်နယ်(မြောက်ပိုင်း) ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် မော်ဟွေ့+လျှံတိန်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ရေသန့်စင်စက်တပ်ဆင်ပြီးစီးမှုကို တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဟိုပန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မောင်စိုး၊ ဟိုပန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုဦးနှင့် တာဝန်ရှိသူ များက ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေကျပ်သန်း ၃၀ဖြင့် ဆောင်ရွက်သည့် မော်ဟွေ့+လျှံတိန်ကျေးရွာတွင် နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့် ရေသန့်စင်စက်တပ်ဆင်သည့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ရေသန့်စင်စက်ကို ရေရှည်အသုံးပြုနိုင်စေရေးအတွက် စနစ်တကျထိန်းသိမ်းရန် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များကို မှာကြားခဲ့ကြောင်းသိရသည်။

ဟိုပန်ခရိုင် ဟိုပန်မြို့နယ် မော်ဟွေ့+လျှံတိန်ကျေးရွာတွင် နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့် ရေသန့်စင်စက်တပ်ဆင်ခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ် ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ယခုနှစ် အောက်တိုဘာ၉ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများပြီးစီးသဖြင့် ကျေးလက်နေပြည်သူများ ရာသီမရွေး သန့်ရှင်းသော သောက်သုံးရေကို ရရှိသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း ဟိုပန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မောင်စိုးထံမှ သိရသည်။