ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေအား သမန်းကုန်းကျေးရွာတွင် (အဌမ)အကြိမ်မြောက် ရန်ပုံငွေထုတ်ချေး ပေးခြင်းကို အောက်တိုဘာလ တတိယအပတ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံသားများဘဏ် (စီတီဇင်ပေး)တို့ ပူးပေါင်း၍ Mobile Financial Paymentစနစ်ဖြင့် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးမှ Mobile Phone အသုံးပြုပြီး ချေးငွေထုတ်ယူခြင်းအစီအစဉ်ဖြင့် ဆောင်ရွက်ပေးရခြင်းအကြောင်းကို အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ ယခုလိုစနစ်ဖြင့် ချေးငွေထုတ်ချေးပေးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ ကို အသေးစိတ်ရှင်းလင်းပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံသားများဘဏ် (စီတီဇင်ပေး)တို့မှ Mobile Financial Paymentစနစ်ဖြင့် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ် ၅၄ ဒသမ ၆၀ သန်းအား Mobile Phone အသုံးပြုပြီး ပြန်လည် ထုတ်ချေးပေးခဲ့သည်။
ထို့နောက် သမန်းကုန်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းကော်မတီအဖွဲ့ဝင်များဖြစ်ကြ သော မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ အသင်းသား/သူ (၂၅၀)ဦးအား (၅၄.၆၀)သန်းဖြင့် နေ့ချင်းပြီး ထုတ်ချေးပေးခဲ့သည်။