Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဗန်းမော်မြို့နယ်၊ မံရေးခေတ်မီစံပြကျေးရွာ၌ SMART မျိုးဆက်သစ် လူငယ်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း

18 October 23

ဗန်းမော်မြို့နယ်၊ မံရေးခေတ်မီစံပြကျေးရွာ၌ SMART မျိုးဆက်သစ် လူငယ်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း

======================================================================================

ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ဗန်းမော်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မံရေးကျေးရွာတွင် ခေတ်မီစံပြကျေးရွာ SMART Village စီမံကိန်းအရ Smart  မျိုးဆက်သစ်လူငယ်အဖွဲ့ဖွဲ့စည်းခြင်းနှင့် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းကို (၁၄.၁၀.၂၀၂၃)ရက်နေ့တွင် အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ဗန်းမော်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဦးတင်ဇော်လင်းက ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း SMART Village စီမံကိန်းလုပ်ငန်းစဉ်(၆)ရပ်တွင် ပါဝင်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးကဏ္ဍ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် SMART မျိုးဆက်သစ်လူငယ်အဖွဲ့ ကို ဖွဲ့စည်းပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ မံရေးကျေးရွာမှ လူငယ်(၃၂)ဦးပါဝင်သော SMART မျိုးဆက်သစ်ငယ်အဖွဲ့ကို ဖွဲ့စည်းပေးပြီး တူညီဝတ်စုံများ ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက SMART မျိုးဆက်သစ်လူငယ်အဖွဲ့အား စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုအကြောင်း အသိပညာပေးဟောပြောကာ စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်တတ်စေရန် အမှိုက်ပုံများကို ပေးအပ်ခဲ့ပါသည်။

ထို့နောက် ဗန်းမော်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၊ SMART မျိုးဆက်သစ်လူငယ်များ စုပေါင်း၍ မံရေးကျေးရွာအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတစ်ခုဖြစ်သော စွန့်ပစ်အမှိုက်များကို လိုက်လံသိမ်းဆည်းကြပြီး သတ်မှတ်နေရာများတွင် စနစ်တကျစွန့်ပစ်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။