Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရွှေကူမြို့နယ် ရွှေဘုံသာကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခြင်း

17 October 23

ရွှေကူမြို့နယ် ရွှေဘုံသာကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခြင်း

==================================================================

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွှေဘုံသာကျေးရွာ၌ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်စေရန် ရည်ရွယ်၍ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား (၁၆.၁၀.၂၀၂၃)ရက်နေ့တွင် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရွှေကူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်၊ တာဝန်ခံအင်ဂျင်နီယာနှင့် ဝန်ထမ်းများက ရွှေဘုံသာကျေးရွာ၌ စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်း များ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကုမ္ပဏီတာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံကာ ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည်တည်တံံအောင် ဝိုင်းဝန်ထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားခဲ့ပါသည်။

ရွှေဘုံသာကျေးရွာ၌ အနက်ပေ ၃၀၀၊ အကျယ် ၄.၅ လက်မရှိ စက်ရေတွင်း တူးဖော်ခြင်း၊ ရေမြုပ်ပန့်၊ မီတာပေါက်တပ်ဆင်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ကွန်ကရစ်ရေစင်တည်ဆောက်ခြင်းနှင့် ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်(၂၅)သန်းဖြင့် ရွှေဝါလင်းယုန်ကုမ္ပဏီမှ  ဇူလိုင်လမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။