မံစီမြို့နယ်၊ ကျော်ခေါင်ကျေးရွာ၌ VDP စီမံကိန်းဖြင့် ကျေးရွာဘက်စုံသုံးခန်းမ ဆောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်း
=================================================================================
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊မံစီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် ချောင်းထောက်ကျေးရွာ အုပ်စု၊ ကျော်ခေါင်ကျေးရွာ၌ ကျေးရွာဘက်စုံသုံးခန်းမဆောင် ဆောက်လုပ်နေမှုအား (၁၇.၁၀.၂၀၂၃)ရက်နေ့တွင် မံစီမြို့နယ်ကျေးလက်ဦးစီးဌာနမှ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် မံစီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတန်ဂျီးနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် ကျော်ခေါင်ကျေးရွာတွင် ကျေးရွာဘက်စုံသုံးခန်းမဆောင်(၅၅'x၂၇'x၁၂')ဆောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်မှာကြားခဲ့ပါသည်။
မံစီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ၊ကျေးရွာသားများ ကိုယ်တိုင် ယခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း၏ (၅၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါသည်။