မံစီမြို့နယ်၊ မြစိမ်းရောင်အတိုးရငွေဖြင့် ဆောင်ရွက်သည့် နမ့်မဖွဲကျေးရွာ ကျေးရွာခန်းမဆောင် မျက်နှာကျက်တပ်ဆင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်း
===============================================================================================================
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ (၅၀%)ဖြင့် ကျေးရွာခန်းမဆောင် မျက်နှာကျက်တပ်ဆင်ခြင်း၊ ခြံစည်းရိုးကာရံခြင်းများ ဆောင်ရွက်နေမှုကို မံစီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက (၁၈.၁၀.၂၀၂၃) ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မံစီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတန်ဂျီးနှင့်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကိုစစ်ဆေးကြပြီး လုပ်ငန်း လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ကျေးရွာမှတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း တွေ့ရှိရပါသည်။ မံစီမြို့နယ် နမ့်မဖွဲကျေးရွာအုပ်စု၊ နမ့်မဖွဲကျေးရွာတွင် ဆောင်ရွက်လျှက်ရှိသော မြစိမ်းရောင် ကျေးရွာစီမံကိန်းအတိုးရငွေ (၅၀%)မှ ကျပ်(၁၀.၀၀)သန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်သည့် ဘက်စုံသုံးကျေးရွာခန်းမဆောင် (၃၃'x၅၅'x၁၂') မျက်နှာကျက်တပ်ဆင်ခြင်း၊ ခြံစည်းရိုးကာရံခြင်း (၃၂၂'-၀"x၆'-၀")နှင့် (၂)ခန်းတွဲအိမ်သာ တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။