ရသေ့တောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား အောင်စည်ကုန်းကျေးရွာနှင့် အောင်ဗလကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ရာ လုပ်ငန်း ၁၀၀% ပြီးစီးပြီး ဖြစ်ပါသဖြင့်၊ အဆိုပါကျေးရွာများတွင် ဆိုလာစနစ်ဖြင့် Mobile ရေသန့်စင်စက်များ တပ်ဆင်ခြင်း လုပ်ငန်းအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေး တပ်ဆင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းပါသည်။