Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တိုက်ကြီးမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေးပေး

19 October 23

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာလ (၁၆) ရက်က ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် တာဂွကျေးရွာအုပ်စု၊ တာဂွကျေးရွာ၌ စီမံကိန်းလည်ပတ် ရန်ပုံငွေထုတ်ချေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          စီမံကိန်းလည်ပတ်ရန်ပုံငွေများထုတ်ချေးရာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် တာဂွကျေးရွာ အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၃၅)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၂၇)ဦး၊ အရောင်း အဝယ်လုပ်ငန်းလုပ်ကိုင်သူ(၄၈)ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ(၄)ဦး၊ စုစုပေါင်း အသင်းသား(၁၁၄)ဦးကို စီမံကိန်းရန်ပုံငွေကျပ်(၂၉ဒသမ၄သန်း)အား တိုက်ကြီးခရိုင်ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်၊  မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာရွှေ တို့က ကြီးကြပ်၍ ကျေးရွာစီမံကိန်းတာဝန်ခံများ၊ ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့်အတူ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။