ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက အောက်တိုဘာလ၁၈ရက်နေ့တွင် ငှက်ကြီးဒေါင်ကျေးရွာနှင့် ဆူးကလပ် ကျေးရွာတို့၌ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် ရေသန့်စင်စနစ် လည်ပတ်ဆောင်ရွက် နေမှုအခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးဒေါ်စုသီတာလင်းနှင့် တာဝန ်ရှိသူများက ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွင်း ငှက်ကြီးဒေါင် ကျေးရွာနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဆူးကလပ်ကျေးရွာတို့တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် ရေ သန့်စင်စနစ်လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံ၍ ရေသန့်စင်စက်ရုံအဆောက်အအုံအား တစ်ပတ်လျှင်တစ်ကြိမ် သန့်ရှင်း ရေးပြုလုပ်ခြင်းနှင့် ရေစစ်(Filter)များအား ဆေးကြောခြင်းလုပ်ငန်းဆောင်ရွက်ရန်တို့ကို ရှင်းလင်း ပြောကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ကျေးရွာကော်မတီဝင်များနှင့် ကျေးရွာနေပြည်သူများကလည်း ရေသန့်စင်စက် ရုံကို အမှန်တကယ်သုံးစွဲလျက်ရှိပြီး ရေကော်မတီများက အလှည့်ကျတာဝန်ယူဆောင်ရွက်ပေး လျှက်ရှိကြောင်း ရေပေးဝေချိန်ကို အချိန်ဇယားနှင်းပေးဝေလျက်ရှိကာ ရေသန့်စင်စနစ်နှင့်ဆက်စပ် သည့် ပစ္စည်းများလဲလှယ်ရန်အတွက် ရေဖိုးကောက်ခံရရှိငွေများကို စုဆောင်း၍ ရေဿန့်စင်စနစ် ကို လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။