ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဒေါ်စိုးစိုးမြင့်သည် ခရမ်းမြို့နယ်ဦးစီးမှူး ဒေါ်ထားထားနိုင် လိုက်ပါလျက် ရေပေးဝေရေး လုပ်ငန်းများကို အောက်တိုဘာ ၁၇ရက် နံနက်၁၀နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် မြတ်ကောင်းကင် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ဝင်းပိုင်းရွာသစ်ကျေးရွာတွင် တွင်းနက်တူးဖော်ခြင်း၊ ရေစုကန်၊ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်း၊ ညောင်ကုန်းကျေးရွာတွင် တွင်းနက်တူးဖော်ခြင်း၊ အမြင့်တင် ရေစင်၊ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်း၊ ကျေးလက်ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် စွယ်တော်ကွင်းကျေးရွာတွင် ရေကန်ခြံစည်းရိုးကာရံခြင်း၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ရွှေရည်သန့်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ပဇင်းနီကန်ကျေးရွာတွင် တွင်းနက်တူးဖော်ခြင်း၊ အမြင့်တင်ရေစင်၊ ရေစက်ရုံ၊ အိမ်သွယ်ရေတိုင် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ စစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီးလိုအပ်ချက်များကို ခရိုင်ဦးစီးမှူး က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထို့ပြင်မြစိမ်းရောင်စီမံကိန်းကျေးရွာဖြစ်သည့် ကရင်ကန်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့နှင့်တွေ့ဆုံ၍ စာရင်းဇယားများစစ်ဆေးပြီး မှန်ကန်အောင်တည့်မတ်ပေးခဲ့ကြောင်း သိရသည်။