တောင်တွင်းကြီးမြို့နယ် လက်တက်ကျေးရွာ၌ ကွန်ကရစ်တံတားတည်ဆောက်နေမှု စစ်ဆေး
===========================================================
တောင်တွင်ကြီး အောက်တိုဘာ ၁၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောင်တွင်းကြီးမြို့နယ် လက်တက်ကျေးရွာ၌ ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေကို တာဝန်ရှိသူများက အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးမျိုးဝင်း၊ မကွေးခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်မြသက်ထွေး နှင့် တာဝန်ရှိများသည် လက်တက်ကျေးရွာကွန်ကရစ်တံတားဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ကျေးရွာအဝင်လမ်းပေါ်၌ အလျား ၄၀ ပေ အနံ ၁၄ ပေ အမြင့် ၇ ပေ ရှိသော ကွန်ကရစ်တံတား တစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) က Dears Brain ကုမ္ပဏီမှ တာဝန်ရှိသူအား ကွန်ကရစ်တံတားအား သတ်မှတ်စံနှုန်းများအတိုင်း အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာရေး နှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ငါးဆယ် ဒသမ ၅ သန်းဖြင့် လက်တက်ကျေးရွာအဝင်လမ်းပေါ်၌ အလျား ၄၀ ပေ အနံ ၁၄ ပေ အမြင့် ၇ ပေ ရှိသော ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို Dears Brain ကုမ္ပဏီက တာဝန်ယူ၍ ဇွန်လ ၂၃ ရက်နေ့က စတင်ဆောင် ရွက်ခဲ့ရာ ယနေ့တွင် ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက အဆိုပါ ကျေးရွာရှိ အိမ်ခြေ ၃၂၂ အိမ်၊ လူ ၁၂၄၂ ဦးအတွက် ရာသီမရွေး လမ်းပန်းဆက်သွယ်ရေးအဆင်ပြေလွယ်ကူလာမည်ဖြစ်ကြောင်း မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။