ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ပုဏ္ဏားကျွန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ကြီး
ကြပ်မှုဖြင့် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့်ဆောင်ရွက်သော လုပ်အားခပေး စီမံကိန်း (Cash For Work) စီမံကိန်းကို ပုဏ္ဏားကျွန်းမြို့နယ် တွင် ကျေးရွာ (၁၀)ရွာအား ဆောင်ရွက်ပေးမည်ဖြစ်ပြီး စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများအားကျေးရွာအဆင့်စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲအခမ်းအနားကို (၁၈.၁၀.၂၀၂၃)ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် ကျေးရွာ(၁၀)ရွာမှ ကော်မတီဝင် (၄)ဦးစီ တက်ရောက် ခဲ့ကြပြီး မြို့နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ရာ စီမံကိန်းအား အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး မှာကြားပြောဆိုခဲ့ပြီး စီမံကိန်းတာဝန်ခံမှ သင်တန်းအားဆက်လက် သင်ပြပေးခဲ့ကြောင်းသတင်းရရှိပါသည်။