ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် တွံတေးမြို့နဠ် ကျေးလက်ဒေသဇွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်စီမံကိန်းကျေးရွာ ဖြစ်သော ပုသိမ်ကျေးရွာ၌ စာကြည့်တိုက်တွင် အောက်တိုဘာလ(၁၆)ရက်၊ မွန်းလွဲ(၁)နာရီက ကျေးရွာနေ ပြည်သူများလိုအပ်သောအရင်းအနှီးရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွား စေရန်ရည်ရွယ်၍ ပထမအကြိမ် မြစိမ်းရောင်ရန်ပုံငွေထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် တွံတေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးက ငွေချေးမည့်အသင်းသားများ လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပါသည်။
ထိုနောက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့် အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အသင်းသား(၅၈)ဦးသို့ စုစုပေါင်းငွေကျပ်(၂၉၄)သိန်းကို ကျေးလက်ဝန်ထမ်းများ ကြီးကြပ်၍ ပုသိမ်ကျေးရွာ မြစိမ်းရောင်လုပ်ငန်းအဖွဲ့ ဉက္ကဌ ဦးစိန်ရွှေသန်းနှင့်အဖွဲ့ဝင်များက စနစ်တကျ ထုတ်ချေး ပေးခဲ့ကြောင်းသိရသည်။
အတိုးအရင်းဆပ်စနစ် အတိုးနှုန်းမှာ ငွေကျပ် ၁၀၀လျှင် တစ်လ၊တစ်ကျပ်နှုန်းဖြစ်ပြီး ခြောက်လပြည့်လျှင် အတိုးဆပ်၊ တစ်နှစ်ပြည့်လျှင် အတိုးအရင်းဆပ်စနစ် ဖြစ်ကြောင်းသိရသည်။