ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက်ပိုင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်မတည်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို မြတ်လေးရုံ ကျေးရွာ၌ ဆောင်ရွက်သည်။
ဦးစွာ တွံတေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေဝင်းမှ မြစိမ်း ရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၊ အသင်းသား/အသင်းသူ များနှင့်တွေ့ဆုံ၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်များ၊အကျိုးကျေးဇူးများနှင့် စီမံကိန်း အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး ကွမ်းခြံကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းက အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များ၊ချေးငွေထုတ်ချေး ရာတွင် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများနှင့်ရန်ပုံငွေထုတ်ချေးမည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေဝင်း၊ ကွမ်းခြံကုန်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းနှင့် တာဝန်ရှိသူ များက မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ( ၃၀) ဦး ၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၁၃)ဦး၊ ရေလုပ်ငန်းလုပ်ကိုင်သူ(၁၂)ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ(၁၄)ဦး၊ အသက် မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ(၁၄)ဦး၊ စုစုပေါင်း(၈၃)ဦးတို့ကို ရန်ပုံငွေကျပ်(၂၉၄)သန်းကိုထုတ်ချေးပေး ခဲ့ကြောင်း သိရသည်။