ဖားကန့်မြို့နယ်နန့်စန်း(၁)ကျေးရွာ၌ ဘက်စုံသုံးခန်းမ ဆောက်လုပ်နေမှုစစ်ဆေး (၈.၁၀.၂၀၂၃ ရက်နေ့ထုတ်ရတနာပုံသတင်းစာ၊စာမျက်နှာ(၂၅)ကော်လံ(၃/၄)
ဖားကန့် အောက်တိုဘာ ၇
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နန့်စန်း(၁)ကျေး ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ပံ့ပိုးရန်ပုံငွေဖြင့်ဘက်စုံသုံးခန်းမဆောက် လုပ် ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဖားကန့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေထွန်း၊ တာဝန်ခံအင်ဂျင်နီယာနှင့်ဝန်ထမ်းများ က ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်း ကော်မတီဝင်များနှင့်အတူ နန့်စန်း(၁)ကျေးရွာ၌ အလျား ၃၆ ပေ၊ အနံ ၁၈ ပေ၊ အမြင့် ၁၂ ပေရှိ ဘက်စုံသုံးခန်းမဆောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဖားကန့်မြို့ နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးဝေထွန်းကလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားသည်။
အဆိုပါလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ပံ့ပိုး ရန်ပုံငွေကျပ် သိန်း ၁၅၀ နှင့် ပြည်သူလူထုထည့်ဝင်ငွေကျပ် ငါးသိန်းတို့ အကုန်အကျခံကာ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာပြည်သူလူထု ကိုယ်တိုင် စက်တင်ဘာလ စတုတ္တပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၃၅% ခန့်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
(၈.၁၀.၂၀၂၃)ရက်နေ့ထုတ် ရတနာပုံသတင်းစာ စာမျက်နှာ (၂၅) ကော်လံ(၃/၄)တွင်ပါရှိသည်။