မိုးညှင်းမြို့နယ်အတွင်းစားသုံးဆီဖူလုံမှုရှိစေရေးဆီစက်လုပ်ငန်းရှင်များလုပ်ငန်းလည်ပတ်ထားခြင်းရှိမရှိ တာဝန်ရှိသူများမှဒုတိယအကြိမ်ကွင်းဆင်းစစ်ဆေး ( (၁၆.၁၀.၂၀၂၃)ရက်နေ့ မြဝတီရုပ်မြင်သံကြား ညနေ(၆)နာရီသတင်း)
မိုးညှင်း၊ အောက်တိုဘာ ၁၆
ကချင်ပြည်နယ်မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ မြို့နယ်အတွင်းစားသုံး ဆီ ဖူလုံမှုရှိစေရေးအတွက် ဖွံ့ဖြိုးရေးချေးငွေဖြင့် ရယူထားသည့် ဆီစက်လုပ်ငန်းရှင်များအမှန်တကယ် လုပ်ငန်း လည်ပတ်ထားခြင်းရှိမရှိ တာဝန်ရှိသူများမှ အောက်တိုဘာ ၁၆ ရက် နံနက်(၁၀)နာရီအချိန်က ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးထွန်း ထွန်းဝင်းနှင့် ဝန်ထမ်းများ၊ဆက်စပ်ဌာနဆိုင်ရာများဖြစ်ကြသည့်စားသုံးသူရေးရာဦးစီးဌာန၊ သမဝါယမ ဦးစီးဌာန၊အသေးစားစက်မှုလက်မှုဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ မိုးညှင်းမြို့ စိမ်းရတနာမွန် (တောင်ပိုင်း) ရပ်ကွက်တွင်ရှိသည့် မြတ်သုခဆီစက်လုပ်ငန်းအားစစ်ဆေးခဲ့ကြရာ ဆီစက်လုပ်ငန်းရှင် ဦးချစ်ငွေမှ ရာသီချိန်ကုန်လွန်သွားပြီဖြစ်၍ ယခင်ကကြိတ်ထားသည့် မြေပဲဆီများကို သိုလှောင်ထားရှိ ပြီး ယခုအခါတွင်ရောင်းချနေသည့်အခြေအနေများ၊ဆီသိုလှောင်ထားရှိမှုအခြေအနေများနှင့် ဆီများဖြန့် ဝေရောင်းချမှုအခြေအနေများကိုရှင်းလင်းပြသခဲ့သည်။
ထို့နောက်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများက ၎င်းဆီစက်လုပ်ငန်းရှင်အား အဆိုပါလုပ်ငန်း ပိုမို တိုးချဲ့အောင်မြင်နိုင်ရေးအတွက်ယခင်ကဆွေးနွေးပြောကြားခဲ့သည့် လိုအပ်လျက်များ နှင့်အားနည်း ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်၍အကြံပြုဆွေးနွေးပေးခဲ့ကြောင်းသိရသည်။
(၁၆.၁၀.၂၀၂၃)ရက်နေ့ မြဝတီရုပ်မြင်သံကြား ညနေ(၆)နာရီသတင်းတွင်ပါရှိသည်။