Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

“မောင်တောခရိုင်ကျေးလက် ခရိုင်ဦးစီးမှူး မှ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကွန်ကရစ်လမ်း ဆောင်ရွက်ခြင်းလုပ်ငန်းများ လုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းဆောင်ရွက်ခြင်း”

16 October 23

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်တွင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဂန္ဓမာကျေးရွာအတွင်းရှိ ပြည်ထောင်/ ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ခရိုင် ဦးစီးမှူး ဦးစောထွန်းနှင့် ဝန်ထမ်းများမှ (၁၄.၁၀၂၀၂၃) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          (၂၀၂၃-၂၀၂၄)ခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းများ ဆောင်ရွက်ပေးမှုကြောင့် ၎င်းကျေးရွာ၏ ကျေးရွာသူ/သားများ လူနေမှုဘဝ မြင့်မားလာပြီး လူမှုစီးပွါးဘဝ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပါသည်။