Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးမိတ်မြို့နယ် အာသံကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှု စစ်ဆေး

16 October 23

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အာသံကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုးမိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ဦးမျိုးဇော်ထွန်း၊ မြို့နယ်ဦးစီးမှူး ဦးနိုင်ထက်အောင်နှင့် တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ကော်မတီဝင်များနှင့်အတူ အာသံကျေးရွာ၌ ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဦးမျိုးဇော်ထွန်းက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

အာသံကျေးရွာတွင် အရှည်ပေ၆၀၀၊ အကျယ် ၁၂ပေ၊ အမြင့်ခြောက်လက်မရှိ ကျေးရွာတွင်း လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ပံ့ပိုးရန်ပုံငွေ ကျပ်သိန်း ၁၅၀၊ ကျေးရွာပြည်သူထည့်ဝင်ငွေ ကျပ် ၂၉ဒဿမ ၃သိန်း အသုံးပြုကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာပံ့ပိုးမှု အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ယခုနှစ် စက်တင်ဘာ လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၈၀ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဦးမျိုးဇော်ထွန်းက ပြောပြ၍ သိရသည်။