ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်း CASH FOR WORK ဖြင့် ကျေးရွာ (၁)ရွာလျှင် ငွေကျပ်(၁၀၀)သိန်းထောက်ပံ့ပေးပြီး ရေကန်တာဘောင်မြှင့်တင်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် မြေပုံမြို့နယ်အတွင်း ကျေးရွာ (၁၁)ရွာမှ ကော်မတီဝင် (၃၃)ဦး တက်ရောက်ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၂)ရက်နေ့ နံနက်(၀၈:၀၀)နာရီမှစတင်၍ လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်း CASH FOR WORK ကျေးရွာအဆင့်စီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်ခြင်းကို မြေပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ ပထမဦးစွာ မြေပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြို့နယ်ဦးစီးမှူး၊ ဒေါ်သန်းသန်းနွယ်(လက်ထောက်ညွှန်ကြားရေးမှူး)မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဦးကျော်တိုးလင်း၊ အငယ်တန်းအင်ဂျင်နီယာ-၂ မှ လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်း CASH FOR WORK ကျေးရွာအဆင့်စီမံခန့်ခွဲမှုသင်တန်းနှင့် စပ်လျဉ်း၍ ငွေကြေးစီမံခန့်ခွဲခြင်း၊ စောင့်ကြည့်ကြီးကြပ်ခြင်း၊ ဝေဖန်အကြံပြုတိုင်ကြားခြင်း၊ လူမှုဆိုင်ရာပူးပေါင်းပါဝင်မှုကဏ္ဍ၊ ကျား/မဆိုင်ရာကဏ္ဍ၊ သတ်မှတ်ပုံစံများဖြည့်သွင်းနည်း၊ ကျေးရွာ အဆင့်ဝယ်ယူရေးဆိုင်ရာကိစ္စရပ်များစသည့် သင်ခန်းစာများအား သင်တန်းဖွင့်လှစ်ပို့ချခဲ့ပါကြောင်း မြေပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတင်းရရှိပါသည်။