၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်အတွင်း ကျောက်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဆနွင်းနံပြိန်ကျေးရွာ၌ နိုင်ငံတော်ထောက်ပံ့ငွေကျပ် (၁၅.၀၀)သန်း၊ပြည်သူ ထည့်ဝင်ငွေကျပ် (၂.၀၀)သန်းဖြင့် ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း(၇၀၀’×၉’×၆”)ဆောင်ရွက် လျက်ရှိပါသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက် နေမှုအား ကျောက်ဖြူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဦးအောင်သက်ဦးနှင့် အဖွဲ့ဝန်ထမ်းများမှ (၁၂.၁၀.၂၀၂၃)ရက်နေ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များအား ကော်မတီအဖွဲ့ဝင်များ နှင့် ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။