စစ်တွေခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦ:စီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစောဝေ (ဒုတိယညွှန်ကြားရေးမှူး ) ၊ စစ်တွေမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီညီ(လက်ထောက်ညွှန်ကြားရေးမှူး)၊ခရိုင်တာဝန်ခံအင်ဂျင်နီယာ ၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာနှင့်အဖွဲ့တို့သည် ၂၀၂၃−၂၀၂၄ခု ဘဏ္ဍာရေးနှစ်ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်ဆောင်ရွက်လျှက်ရှိသည့် ပြည်ထောင်စု ခွင့်ပြုငွေ (၁၂.၀၀) ကျပ်သန်း၊ ပြည်သူထည့်ဝင်ငွေ (၁.၀၅)ကျပ်သန်းဖြင့် မောင်နီပြင်ကျေးရွာ သဇင်လမ်း (ရွာလယ်လမ်း)ကွန်ကရစ်ခင်းခြင်း (၃၃၂’x ၁၂’x ၆”) လုပ်ငန်း လုပ်ငန်းပြီးစီးမှု ကွင်းဆင်းစစ်ဆေးပြီး၊ ၎င်းနောက် ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ကျားမသောက်ကျေးရွာတွင်းရှိ ပြည်ထောင်စုခွင်ပြုရန်ပုံငွေ(၅၂.၇၃၉)ကျပ်သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ရွာအလည်လမ်း ကွန်ကရစ်ခင်းခြင်း (၁၀၀၀’x ၁၂’x ၆”)လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသတင်းရရှိပါသည်။