ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သန်လျင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေများ တိုးပွားလာကာဆင်းရဲမှု လျော့ကျလာစေရန် ရည်ရွယ်၍ သာယာကုန်းကျေးရွာ၌ အဋ္ဌမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်း မပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ဘုန်းကြီးကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ သန်လျင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မော် နှင့်မြစိမ်းရောင်ကျေးရွာစီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များရရှိလာမည့် အကျိုးကျေးဇူးများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း လက်စွဲ စာစောင်ပါ စည်းမျဉ်းစည်းကမ်းများ၊ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များကို ရှင်းလင်းပြော ကြားသည်။
ဆက်လက်၍ သန်လျင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခိုင်က စီမံကိန်းစက်ဝန်းကာလသတ်မှတ်ချက်များ အတိုးနှုန်းများကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံ ကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေများလွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက သာယာကုန်းကျေးရွာရှိ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ ၃၆ ဦးကိုငွေကျပ် ၉ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၇၉ဦးကို ငွေကျပ် ၁၈ ဒသမ ၁၇သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၃၇ဦးကို ငွေကျပ် ၈ ဒသမ ၅၁သန်း၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၃ဦးကို ငွေကျပ် သုည ဒသမ ၇၅သန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူ ၁၉ဦးကို ငွေကျပ် ၄ ဒသမ ၅၆သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။