Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ချောက်မြို့နယ် ဆူးတောကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)လုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး

14 October 23

ချောက်မြို့နယ် ဆူးတောကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)လုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး
==========================================================================
ချောက်       အောက်တိုဘာ       ၁၄

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြေပဒုံကျေးရွာအုပ်စု၊ ဆူးတောကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ အနေကို တာဝန်ရှိသူများက အောက်တိုဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်မြင့်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ကော်မတီဝင်များ နှင့်အတူ ဆူးတောကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) အရင်းအနှီးငွေများဖြင့် တပိုင်တနိုင်စိုက်ပျိုး ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ လအလိုက် စာရင်းဇယားများ ဆောင်ရွက်ထားရှိမှု အခြေ အနေများနှင့် ရန်ပုံငွေထုတ်ချေးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက စီမံကိန်းအသင်းဝင်ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုး တက်ရေးဦးစီးဌာနက မြေပဒုံကျေးရွာအုပ်စု၊ ဆူးတောကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ကို ၂၀၁၉- ၂၀၂၀ ခု ဘဏ္ဍာ ရေးနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ယခုဘဏ္ဍာရေးနှစ် တွင် ကျေးရွာရှိ စီမံကိန်းအသင်းဝင် ၁၈၀ ဦးအား ငွေကျပ် ၃၃ ဒသမ ၇ သန်းကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးနိုင်ခဲ့သည့်အတွက် ကျေးလက်နေပြည်သူများ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် ငွေကြေးအရင်းအနှီးရရှိပြီး မိသားစုစားဝတ်နေရေးကို အထောက်အကူပြုကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။