ရန်ကုန်တိုင်းဒသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် လာဝတီကျေးရွာ၌ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက် မည့်နေရာကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တွံတေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ခရိုင်ဦးစီးမှူး ဦးနေဝင်း၊ ကော့မှူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်နှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမိကိန်းရန်ပုံငွေကျပ် ၁၅ သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၂ ဒသမ ၉ သန်းဖြင့် လာဝတီကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မည့်နေရာ တို့ကို ကြည့်ရှု့စစ်ဆေးပြီး ခရိုင်ဦးစီးမှူးက သတ်မှတ်ကာလအတွင်း လုပ်ငန်းများကို စတင် ဆောင်ရွက်ပြီး အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ကော်မတီ ဝင်များကို မှာကြားသည်။
တွံတေးခရိုင် ကော့မှူးမြို့နယ် လာဝတီကျေးရွာတွင် အရှည်ပေ ၅၁၀၊ အကျယ် ၇ ပေ၊ အမြင့် ခုနှစ်လက်မရှိ ကွန်ကရစ်လမ်းနှင့် အရှည်ပေ ၃၂၅၊ အကျယ် ၉ ပေ၊ အမြင့် ခုနှစ်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီး ဌာန၏ နည်းပညာပံ့ပိုးမှု၊ ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူကျေးရွာသားများ ကိုယ်တိုင် ယခုဘဏ္ဍာ နှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ပြီးစီးပါက ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာသွားလာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း တွံတေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရ သည်။