Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Advanced Excel သင်တန်းဖွင့်ပွဲကျင်းပ

01 January 70

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး   Advanced Excel   သင်တန်းဖွင့်ပွဲကျင်းပ

မအူပင်                                                                                       နိုဝင်ဘာလ ၁၈ ရက်

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ကြီးမှူး၍ ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားလာ စေရန် နှင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစေရန် ရည်ရွယ်၍ ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး Advanced Excel   သင်တန်းအား နိုဝင်ဘာလ ၁၈ ရက် နံနက် (၁ဝးဝဝ) နာရီ မအူပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ ၌ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ ခဲ့ပါသည်။

          အခမ်းအနားတွင် မအူပင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး က သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပြီး KMD  သင်တန်းကျောင်းနည်းပြ ဆရာမ ဒေါ်စုစုလွင် မှ  သင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများအား အကျဉ်းချုပ်၍ မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ပါသည်။

          အဆိုပါဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို နိုဝင်ဘာလ (၁၈) ရက်နေ့မှ စတင်၍  နိုဝင်ဘာလ (၂၇) ရက်နေ့ (၁၀) ရက်ကြာ ကျွမ်းကျင်သင်တန်းနည်းပြဆရာမ များမှ သင်ကြားပို့ချသွားမည်ဖြစ်ပြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ် ၊ ပန်းတနော်မြို့နယ် ၊ ညောင်တုန်း မြို့နယ် ၊ ဓနုဖြူမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများ မှ သင်တန်းသား/ သင်တန်းသူ (၁၂) ဦး တက်ရောက်ခဲ့ကြပါသည်။