မအူပင် နိုဝင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငါးကြီးဂရက်ကျေးရွာအုပ်စု၊ ရွာသစ်စုကျေးရွာ၌ ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်း
ဖောက်လုပ်နေမှုအခြေအနေကို (၁၄.၁၁.၂၀၂၄)ရက်နေ့နံနက််ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး
ဒေါက်တာမနားကီးနှင့် တာဝန်ခံအင်ဂျင်နီယာများကကျေးရွာရပ်မိရပ်ဖများနှင့်အတူရွာသစ်စုကျေးရွာတွင်၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့်ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှုအခြေအနေအား
ကွင်းဆင်းကြည့်ရှု့စစ်ဆေးပြီးလိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ပါသည်။အဆိုပါရွာသစ်စုကျေးရွာ၊ ကျေးလက်ကုန်ထုတ်လမ်း(၁၁၀၀' x ၁၂'x၉'')ဖြင့် မြေရောကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်
ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်(၁၄.၇)သန်းဖြင့်ဌာနမှ အင်ဂျင်နီယာများစုဖွဲ့၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ လမ်းဖောက်လုပ်ပြီးစီးပါက ကျေးရွာ(၃)ရွာရှိ အိမ်ခြေ ၄၁၄ အိမ်၊လူဦးရေ ၁၅၃၆ ဦး၊
စိုက်ပျိုးမြေဧက ၅၈၀ ကို အကျိုးပြုပေးနိုင်မှာဖြစ်ကြောင်း သတင်းရရှိပါသည်။