ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေးလွယ်ကူစေပြီး တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရွာသာယာကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်မှုကို ခရိုင်းဦးစီးမှုး ဦးအောင်သက်ဦးနှင့် တာဝန်ရှိသူများက နိုဝင်ဘာလ ၁၃ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။