Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တွံတေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

01 January 70

တွံတေးမြို့နယ် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဖြင့် ခတ္တိယကျေးရွာအုပ်စု ရွာတန်းရှည်ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေးနှင့် အင်ဂျင်နီယာဝန်ထမ်းများသည် ကော်မတီဝင်များနှင့် အတူ ရွာတန်းရှည်ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာရှိ ရပ်မိရပ်ဖများ ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

အဆိုပါ ကွန်ကရစ်လမ်းသည် အရှည် ၅၈၁ ပေ၊ အကျယ် ရှစ်ပေ၊ ထု ခြောက်လက်မရှိပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ပံ့ပိုးရန်ပုံငွေကျပ်သိန်း ၁၅၀၊ ပြည်သူထည့်ဝင်ငွေ ကျပ် ၂၅ သိန်း စုစုပေါင်း ရန်ပုံငွေကျပ်သိန်း ၁၇၅ သိန်းကို အသုံးပြုကာ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ယခုနှစ် အောက်တိုဘာလ စတုတ္ထအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး၏ ၇၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက အဆိုပါကျေးရွာရှိ ကျေးလက်နေပြည်သူများအတွက် ရာသီမရွေးလမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ပြီဖြစ်ကြောင်းသိရသည်။