Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တွံတေးမြို့နယ် အရှေ့အရိုးတောင်ကျေးရွာ၌ ကျေးရွာမတည်စီမံကိန်းရန်ပုံကွေ ပဉ္စမကြိမ် ထုတ်ချေး

11 November 24

ရန်ကုန်တိုင်းဒေသကြီး ၊ တွံတေးခရိုင်၊တွံတေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အရှေ့အရိုးတောင်ကျေးရွာ၌ မတည်ရန်ပုံငွေစီမံကိန်းအဖြစ်ပဉ္စမကြိမ် ထုတ်ချေးခြင်းကို နိုဝင်ဘာ ၆ရက်တွင် မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အဆိုပါ  ကျေးရွာ ၌ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

ဦးစွာ တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဌေး ကအရှေ့အရိုးတောင်ကျေးရွာရှိ ရပ်မိရပ်ဖများ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း အသင်းသား အသင်းသူများ ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံကာ စီမံကိန်း အကြောင်းအရာများ ရည်ရွယ်ချက်များ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီထံသို့ လည်ပတ်ရန်ပုံငွေ ကျပ် ၃၀၈ သိန်းကို လွှဲပြောင်းပေးအပ်သည်။ ထို့နောက် မြို့နယ် ဦးစီးမှူးနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီများက အရှေ့အရိုးတောင်ကျေးရွာရှိ စိုက်ပျိုး ရေး လုပ်ငန်း မွေးမြူရေးလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်မည့် စုစုပေါင်း အသငိးသား၊ အသင်းသူ ၁၀၈ဦးအား လည်ပတ်ရန်ပုံငွေကျပ် ၃၀၈သိန်းကို အသင်းသား အသင်းသူများ၏ တစ်ဦးချင်းလက်ဝယ်ရောက် အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေး ခဲ့သည်။