Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မော်လမြိုင်ကျွန်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု​ အခြေခံအပ်ချုပ်သင်တန်းဆင်းပွဲကျင်းပ

30 October 24

 

မော်လမြိုင်ကျွန်ူ                                                 အောက်တိုဘာ ၃၀

         ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊မော်လမြိုင်ကျွန်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာ‌ေရးနှစ်တွင် ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု​အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာလ ၃၀ ရက်နေ့  နံနက်(၁၀)နာရီက​‌ မော်လမြိုင်ကျွန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌  ကျင်းပခဲ့ကြောင်းသိရသည်။
         ရှေးဦးစွာ မော်လမြိုင်ကျွန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဒေါက်တာဒေါ်ဖြူဖြူဝင်းမှ  အဖွင့်အမှာစကားပြေကြားခဲ့ပြီး‌နောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်မှ ကျေးလက်နေပြည်သူများ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုး စေပြီး အလုပ်အကိုင်ရရှိစေရေး အတွက်ရည်ရွယ်၍အသက်မွေးဝမ်းကျောင်း အထောက်အကူပြု​အခြေခံ အပ်ချုပ်စက်သင်တန်းအားဖွင့်လှစ်ပို့ချခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းသားများအ​နေဖြင့် လက်တွေ့နယ်ပယ်တွင်  အပ်ချုပ်ပညာဖြင့် မိသားစုစီးပွားရေးကို အထောက်အပံ့ပေးနိုင်အောင် စဉ်ဆက်မပျက် ဆက်လက်ကြိုးစား‌ ဆောင်ရွက်သွားကြရန်ပြောကြားခဲ့သည်။
        ထို့နောက်  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်နှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များအား သင်တန်းသားများထံသို့လည်းကောင်း၊ သင်တန်းတွင်ထူးချွန်သည့် သင်တန်းသားများထံသို့ သင်တန်းထူးချွန်ဆု အားလည်း​ကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
     အဆိုပါသင်တန်းကို မြို့နယ်တွင်းရှိ ကျေးရွာပေါင်း (၈)ရွာမှ သင်တန်းသူ(၃၀)ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ အောက်တိုဘာလ ၁ရက်နေ့မှ အောက်တိုဘာလ ၃၀ရက်နေ့ထိ ရက်(၃၀)ကြာ ကျွမ်းကျင်သင်တန်းနည်းပြများမှ  စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးခဲ့ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရပါသည်။