ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ၂၀၂၄−၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မီးလောင်ကျေးရွာအုပ်စု၊ ဝါးလည်ကျေးရွာရှိ ကုန်ထုတ်လမ်းလုပ်ငန်း (၉၅၀၀'× ၁၂' × ၂'-၉")ငွေ ကျပ်သန်း(၂၃.၀) နှင့် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဝါးတောကျေးရွာအုပ်စု၊ အင်္ဂလိုက် ကံကျေးရွာရှိ ကုန်ထုတ်လမ်းလုပ်ငန်း (၄၆၈၀'x ၁၂' x ၂'-၉") တို့အား အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာများရှိ ကုန်ထုတ်လမ်းလုပ်ငန်းများအား ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်မှ အောက်တိုဘာလ(၈)ရက် နေ့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆောင်ရွက်သည့် ကုမ္မဏီများအား လုပ်ငန်းအရည်အသွေးအများအား စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ရွှေတောင်မြို့နယ်မှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက် သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အကောင်အထည်ဖော် ကုန်ထုတ်လမ်းများဆောင်ရွက်ပေးမှုကြောင့် ကျေးလက်နေပြည်သူများ ယခင်ကထက် စိုက်ပျိုးသီးနှံများသယ်ယူပို့ဆောင်ရာတွင် လမ်းပန်းဆက်သွယ်မှုကောင်းမွန်ပြီး စီးပွားရေးတိုးတက်လာပြီး လူနေမှုအဆင့်အတန်းများ ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း ရွှေတောင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။